DOMINATE
THE ARENA
Tactical Intelligence // Combat Excellence // Absolute Dominance
Hall of Fame
The Legacy of Victories
PMCL Southeast Asia 2026 Spring
NEC - National Esports Championship 2026
Davan Store X KE
Our Divisions
Latest Intel
Encrypted Feed
မင်္ဂလာပါ Observation Fan တို့ရေ...
လတ်တလော ပွဲစဉ်တွေမှာ YG နဲ့ ကျွန်တော်တို့ OV တို့ ဇုန်အတွင်း ခဏခဏ ထိပ်တိုက်တွေ့နေရတဲ့အပေါ် Fan တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်။အမှန်တော့ ဒါဟာ တမင် ရည်ရွယ်ချက်ရှိရှိ လိုက်လံတိုက်ခိုက်နေတာမျိုး မဟုတ်ပါဘူး။ အသင်းနှစ်သင်းလုံးက အမှတ်ရဖို့အတွက် အကောင်းဆုံး Rotation လမ်းကြောင်းတွေနဲ့ Position တွေကို ရွေးချယ်ကြတဲ့အခါ လမ်းဆုံမှာ ဆုံရတာဟာ ရှောင်လွှဲလို့မရတဲ့ Battle Royal Game ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။မြန်မာအသင်းတွေ အချင်းချင်း စောစီးစွာ ကျဆုံးကုန်မှာကို ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ အားကစားစိတ်ဓာတ် (Fair Play) အရ စစ်မြေပြင်ထဲမှာတော့ ဘယ်အသင်းကို ရှောင်မယ်၊ ဘယ်အသင်းကို အရင်ပစ်မယ်ဆိုတာထက် အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့က ပိုအရေးကြီးပါတယ်။ YG ဆိုတာ ကျွန်တော်တို့ လေးစားရတဲ့ အသင်းကြီးဖြစ်သလို၊ သူတို့နဲ့ ထိပ်တိုက်တွေ့ခြင်းကလည်း ကျွန်တော်တို့အသင်းကို ပိုမိုတိုးတက်စေပါတယ်။မြန်မာကိုယ်စားပြု အသင်းတွေအားလုံးကို အမုန်းပွားမှုမရှိဘဲ အတူတူ အားပေးပေးကြဖို့ တောင်းဆိုချင်ပါတယ်ဗျ။ ကျွန်တော်တို့အားလုံးရဲ့ ပန်းတိုင်က မြန်မာ့အလံကို ကမ္ဘာ့စင်မြင့်မှာ လွှင့်ထူဖို့ပါပဲ။ #observationesports #EsportsMyanmar #pubgmobile #OV #Respect
Access Intel >>
PUBGM Group Stage Overall Standing 🔥
Battlegrounds ထဲမှာ ယှဉ်ပြိုင်ဆော့ကစားခဲ့ကြတဲ့ PUBGM ရဲ့ Group Stage နေ့ရက်တွေကတော့ပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်။Group Stage Day 3 အပြီးမှာ အသင်းလိုက်ရရှိထားတဲ့ Point Standing လေးကိုဖော်ပြပေးလိုက်ပါတယ်။📅PUGBM Group Stage - 13 FEB - 15 FEBUnite. Defy. Conquer.#NEC2026 #UniteDefyConquer #RoadToAsianGames #MyanmarEsports #MESL #MESF
Access Intel >>Ready to Join Unit?
We are recruiting tactical talent and elite creators. Take the first step into the Observation legacy.