INTEL LOG // 27.04.2026

မင်္ဂလာပါ Observation Fan တို့ရေ...

လတ်တလော ပွဲစဉ်တွေမှာ YG နဲ့ ကျွန်တော်တို့ OV တို့ ဇုန်အတွင်း ခဏခဏ ထိပ်တိုက်တွေ့နေရတဲ့အပေါ် Fan တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်။

​အမှန်တော့ ဒါဟာ တမင် ရည်ရွယ်ချက်ရှိရှိ လိုက်လံတိုက်ခိုက်နေတာမျိုး မဟုတ်ပါဘူး။ အသင်းနှစ်သင်းလုံးက အမှတ်ရဖို့အတွက် အကောင်းဆုံး Rotation လမ်းကြောင်းတွေနဲ့ Position တွေကို ရွေးချယ်ကြတဲ့အခါ လမ်းဆုံမှာ ဆုံရတာဟာ ရှောင်လွှဲလို့မရတဲ့ Battle Royal Game ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။

​မြန်မာအသင်းတွေ အချင်းချင်း စောစီးစွာ ကျဆုံးကုန်မှာကို ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ အားကစားစိတ်ဓာတ် (Fair Play) အရ စစ်မြေပြင်ထဲမှာတော့ ဘယ်အသင်းကို ရှောင်မယ်၊ ဘယ်အသင်းကို အရင်ပစ်မယ်ဆိုတာထက် အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့က ပိုအရေးကြီးပါတယ်။ YG ဆိုတာ ကျွန်တော်တို့ လေးစားရတဲ့ အသင်းကြီးဖြစ်သလို၊ သူတို့နဲ့ ထိပ်တိုက်တွေ့ခြင်းကလည်း ကျွန်တော်တို့အသင်းကို ပိုမိုတိုးတက်စေပါတယ်။

​မြန်မာကိုယ်စားပြု အသင်းတွေအားလုံးကို အမုန်းပွားမှုမရှိဘဲ အတူတူ အားပေးပေးကြဖို့ တောင်းဆိုချင်ပါတယ်ဗျ။ ကျွန်တော်တို့အားလုံးရဲ့ ပန်းတိုင်က မြန်မာ့အလံကို ကမ္ဘာ့စင်မြင့်မှာ လွှင့်ထူဖို့ပါပဲ။

#observationesports #EsportsMyanmar #pubgmobile #OV #Respect

JOIN THE UNIT

Want to be part of our tactical history?

Apply Now